The Travelling Lion | Myanmar Podcast

This Podcast is hosted by Myanmar Blogger/Vlogger Thiha Lu Lin also known as Thiha, the Traveller. The name ”Thiha” refers Lion in Burmese. This podcast is about travel experiences, lifestyle and much more. Thiha Lu Lin is a Burmese travel blogger, writer and radio dj.

Listen on:
Episodes
Episodes
![မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်တဲ့အခါ [ဂျူး] Audiobook by သီဟလုလင်](https://pbcdn1.podbean.com/imglogo/image-logo/8214612/Travelling_Lion_Podcast_New6ucq4_300x300.jpg)

Jan 25, 2023
Jan 25, 2023
8 min
ဆရာမ ဂျူး ရဲ့ ပရိတ်သတ်တစ်ယောက်အနေနဲ့ရော စာချစ်သူတစ်ယောက်အနေနဲ့ပါ ဒီ ဝတ္ထုလေးကို သဘောတကျ ဖတ်ဖြစ်ခဲ့တယ်။ အချိန်ကာလအားဖြင့် ခေတ်မမီတော့ပေမဲ့ တစ်ချိန်တစ်ခါက ချစ်သူစုံတွဲတွေကြား ဖြစ်လေ့ဖြစ်ထရှိတဲ့ ပုံစံမျိုးကို ဖတ်ရှုရပါတယ်။ ဝတ္ထုတိုအဟောင်းလေးပေမဲ့ ခေတ်ကာလသာ ပြောင်းသွားပေမဲ့ ချစ်သူစုံတွဲတွေကြား ဖြစ်ပျက်တတ်တာလေးကတော့ အတူတူပဲမို့ လူတိုင်း ခံစားနိုင်မယ်လို့ ယုံကြည်ပါတယ်။ စာဖတ်ပျင်းတဲ့ကာလမှာ စာကောင်းပေမွန်များစွာကို နားသောတဆင်ရင်း မြင်ယောင်ဖတ်ရှုနိုင်ပါစေလို့ ဆန္ဒပြုရင်း...| Website: https://www.thihathetraveller.com || Facebook: https://www.facebook.com/travellerthiha || Instagram: https://www.instagram.com/thihalulin || YouTube: https://www.youtube.com/thihalulin || Email me @ thihalulin@gmail.com |
Jan 25, 2023
8 min

Oct 30, 2022
Oct 30, 2022
13 min
ထိုင်းနိုင်ငံ ကို အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိသွားလာလည်ပတ်လုပ်ကိုင်နေကြသူတွေ ဒီနှစ်အတွင်းမှာ အတော်လေး များလာပါတယ်။ စာရင်းအရ တစ်နှစ်အတွင်းမှာ မြန်မာလုပ်သား ၄ သန်းကနေ ၁၀ သန်းအထိ တိုးသွားတယ်လို့ ဖော်ပြတာကြောင့် ထိုင်းနိုင်ငံမှာ နည်းမျိုးစုံနဲ့ ဝင်ရောက်လာပြီး အလုပ်လုပ်နေသူ မြန်မာအရေအတွက် အတော်လေးများနေပြီလို့ ဆိုနိုင်ပါတယ်။ ဒီတော့ ကားမောင်းဖို့လည်း အကြောင်းဖြစ်လာကြပါတယ်။ ထိုင်းရဲ့ တခြားဒေသတွေမှာ ကားမောင်းရတာက ဘန်ကောက်လို ခက်ခဲရှုပ်ထွေးမှုမျိုးနည်းလို့ တခြားမြို့တွေမှာ နေထိုင်သွားလာသူတွေအတွက် မြန်မာပြည်မှာ ကားမောင်းအတွေ့အကြုံရှိထားရင် အရမ်းလွယ်ကူပါတယ်။ ဘန်ကောက်ရဲ့မိုးပျံလမ်း အထပ်ထပ်ကြောင့်သာ မျက်စိလည်စရာဖြစ်ရပြီး အမြန်လမ်းတွေကြောင့် ရုတ်တရက် ကြောက်စိတ်ဖြစ်ရတတ်ပါတယ်။ ဒီအကြောင်းလေးတွေကို ဒီ Podcast မှာ ပြောထားသလို ဘန်ကောက်မှာ ယာဉ်မောင်းလိုင်စင် ဘယ်လိုလုပ်သလဲဆိုတာပါ ပြောပြပေးထားပါတယ်ဗျ။| Website: https://www.thihathetraveller.com || Facebook: https://www.facebook.com/travellerthiha || Instagram: https://www.instagram.com/thihalulin || YouTube: https://www.youtube.com/thihalulin || Email me @ thihalulin@gmail.com |
Oct 30, 2022
13 min

Nov 5, 2021
Nov 5, 2021
1 hr 18 min
ကျွန်တော် ခုချိန်ထိ အပျော်ခရီးဆိုတာ မထွက်ဖြစ်သေးဘူး။ ခရီးသွား Blogger က ခရီးမသွားရတော့ အတော်လေး အကျဉ်းကျခံနေရသလိုပါပဲ။ ဒါပေမဲ့ ခရီးသွားရတဲ့ ခံစားမှုလေးမျိုးကို ကိုယ့်ဟာကိုယ်ပဲ ဖန်တီးယူပါတယ်။ အဲ့ဒါက သီချင်းတွေနားထောင်တာပါ။ ကျွန်တော်က ခရီးသွားတိုင်း သီချင်းနားထောင်တယ်။ သီချင်းအမျိုးအစားစုံကို နားထောင်ရတာကြိုက်တယ်။ စတီရီယိုခေတ်ဦးက သီချင်းတွေထိကို ပြန်ရှာနားထောင်တတ်တဲ့အထိ သီချင်းတွေကို စွဲလမ်းသူပါ။ ဒါကြောင့်လည်း ဒီနေ့ Podcast လေးမှာ ၇၀ နဲ့ ၈၀ ခုနှစ်တွေတုန်းက သီချင်းကောင်းလေးတွေ ကျွန်တော် ရှာတွေ့သမျှ နားထောင်မိသမျှ သဘောကျတာလေးတွေကို ရင်ဘတ်ချင်းတူသူတွေလည်း နားဆင်နိုင်ဖို့ ပြန်ပြီးဝေမျှပါတယ်ခင်ဗျာ။ ခရီးမထွက်ရရင် သီချင်းနားထောင်ပြီး ခရီးသွားရတုန်းက ခံစားမှုတွေ ပြန်ခံစားကြရအောင်ပါဗျ။
| Website: https://www.thihathetraveller.com || Facebook: https://www.facebook.com/travellerthiha || Instagram: https://www.instagram.com/thihalulin || YouTube: https://www.youtube.com/thihalulin || Email me @ thihalulin@gmail.com |
Nov 5, 2021
1 hr 18 min

Sep 25, 2021
Sep 25, 2021
44 min
သုံးမည်ရတဲ့ ချင်းပြည်နယ်တောင်ပိုင်းက ကမ္ဘာကျော်တောင်ထိပ်ကို ကျွန်တော်တို့ ခြေလျင်ခရီး အတက်အဆင်း သွားခဲ့ကြတယ်။ လွန်ခဲ့တဲ့ ၅ နှစ်လောက်က သွားခဲ့တဲ့ နတ်မတောင် (သို့မဟုတ်) ဝိတိုရိယတောင် ခရီးစဉ်က အခုထိတိုင် ပြန်ပြောတိုင်း ပြန်မြင်ယောင်ဆဲ၊ ပြန်ကျေနပ်ပျော်ရွှင်ရဆဲ ပါပဲ။ သဘာဝအလှတရားတွေ မပျက်စီးသေးဘဲ ကျန်ကြွင်းနေဆဲ ဒီနယ်မြေတွေဟာ အခုအခါမှာတော့ ထိတ်လန့်တုန်လှုပ်စရာ နိုင်ငံရေးအပြောင်းအလဲရဲ့ ဓားစာခံ မြေဇာပင်တွေ ဖြစ်နေရပြီလို့ ဆိုရပါတော့မယ်။ သိပ်လှတဲ့ ချစ်ရသော ချင်းမြေ ကို အမြန်ဆုံး ဘေးကင်းရှင်းပြီး အရင်လို ခရီးသွားတွေနဲ့ ပြန်လို့ အသက်ဝင်စေချင်လှပါပြီ။ ဒီနေ့ Podcast လေးမှာလည်း တကယ်ကို လွမ်းစရာဖြစ်ရတဲ့ ဒီခရီးစဉ်ကို တင်ဆက်ပေးထားပါတယ်ခင်ဗျာ။
| Website: https://www.thihathetraveller.com || Facebook: https://www.facebook.com/travellerthiha || Instagram: https://www.instagram.com/thihalulin || YouTube: https://www.youtube.com/thihalulin || Email me @ thihalulin@gmail.com |
Sep 25, 2021
44 min

Sep 18, 2021
Sep 18, 2021
37 min
၂၀၀၅ ခုနှစ်တုန်းက ထင်ပါတယ်။ နန်းဒေဝီ စာပေ က ဖြန့်ချိထားတဲ့ စာအုပ်ဟောင်းလေးတစ်ခုကို ငယ်ငယ်လေးတုန်းက ဖတ်ခဲ့ဖူးပေမဲ့ ခု စာအုပ်စဉ်မှာ ပြန်တွေ့လို့ တစ်ခါ ပြန်ဖတ်ရင်း သဘောကျလို့ အသံထွက်စာအုပ်လေး အဖြစ် အသက်သွင်းဖြစ်ပါတယ်။ မူရင်းက Dr. Spencer Johnson ရဲ့ "Who Moved My Cheese" ပါ။ မူရင်းစာအုပ်မှာကို အတော်ရောင်းကောင်းခဲ့တာ သတင်းတွေ ကြားခဲ့ရဖူးပါတယ်။ မြန်မာဘာသာပြန်ဆိုပေးတာတော့ ဆရာ တင်မောင်မြင့် ပါ။ ငယ်ငယ်တုန်းက အင်္ဂလိပ်လို မကျွမ်းကျင်ချိန် နားလည်သဘောပေါက်အောင် မြန်မာလို ချောချောမွေ့မွေ့ ဘာသာပြန်ပေးခဲ့လို့ ပညာအလင်း ရခဲ့တယ်လို့ပဲ ဆိုပါရစေ။ ဒီစာအုပ်ဟာ လက်တွေ့ဘဝမှာ လုပ်ငန်းခွင်ထဲဖြစ်ဖြစ်၊ ပြင်ပလူမှုရေးရာဖြစ်ဖြစ်၊ ကျောင်းတွင်း၊ အိမ်တွင်းရေးရာတွေပဲ ဖြစ်ဖြစ် အားလုံးမှာ အသုံးချနိုင်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။ ဒီနေ့တော့ အပိုင်း (၂) ဇာတ်သိမ်းလေး ကို တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျ။
| Website: https://www.thihathetraveller.com || Facebook: https://www.facebook.com/travellerthiha || Instagram: https://www.instagram.com/thihalulin || YouTube: https://www.youtube.com/thihalulin || Email me @ thihalulin@gmail.com |
Sep 18, 2021
37 min

Sep 17, 2021
Sep 17, 2021
36 min
ဒီတစ်ပတ် Episode လေးမှာတော့ တွေးဆပြင်ဆင်စရာ အကြောင်းအရာကောင်းတစ်ခုဖြစ်တဲ့ "ငါ့ ဒိန်ခဲ ကို ဘယ်သူနေရာရွှေ့ထားသလဲ" ဆိုတဲ့ စာရေးဆရာ တင်မောင်မြင့် ရဲ့ ဘာသာပြန်စာအုပ်လေးကို အသံထွက်စာအုပ်လေးအသွင် ဖတ်ပြဖြစ်ခဲ့ပါတယ်။ ဖတ်ရင်း ကျွန်တော့်ကိုကျွန်တော် ပြန်မြင်မိသလို၊ ဒီစာကို ဖတ်မိသူတိုင်းလည်း ဒီဇာတ်ကောင်လေးတွေထဲမှာ ကိုယ်ဟာ ဘယ်သူနဲ့တူသလဲဆိုတာ ပြန်မြင်မိကြတဲ့အထိ ဇာတ်လမ်းဟာ လက်တွေ့သိပ်ကျလွန်းတယ်လို့ ဆိုပါရစေ။ ဘဝအတွက်၊ အလုပ်အတွက်၊ အောင်မြင်ရေးအတွက်၊ မိသားစုအရေးအတွက်၊ လူမှုရေးအတွက် အားလုံးကို ထည့်သွင်းစဉ်းစားလုပ်ဆောင်နိုင်စေတဲ့ အတွေးအမြင်တွေကို ရရှိစေလို့ ခုလိုချိန်မျိုးမှာ နားဆင်သင့်တယ်လို့ ဆိုပါရစေ။ နန်းဒေဝီ စာပေ က ဖြန့်ချိထားတဲ့ ဒီစာအုပ်လေးဟာ နှစ်တွေ ဘယ်လိုပြောင်းပြောင်း ဟောင်းဟောင်း ခေတ်မီနေဆဲပါပဲခင်ဗျာ။
| Website: https://www.thihathetraveller.com || Facebook: https://www.facebook.com/travellerthiha || Instagram: https://www.instagram.com/thihalulin || YouTube: https://www.youtube.com/thihalulin || Email me @ thihalulin@gmail.com |
Sep 17, 2021
36 min

Aug 19, 2021
လက်နှီးစုတ်လေး
Aug 19, 2021
Aug 19, 2021
11 min
Podcast လေးကို ခုလပိုင်းတွေ ပစ်ထားမိသလို ဖြစ်နေတယ်။ ဒီနေ့ Episode လေးမှာတော့ သဘောကျမိတဲ့ အတွေးအမြင် အကြောင်းအရာလေးတစ်ခုကို တင်ဆက်ချင်ပါတယ်။ လက်နှီး (လက်သုတ်ပုဝါ) လေးတွေကို ကျွန်တော်တို့ ဘဝနဲ့ ယှဉ်ပြီး စဉ်းစားကြည့်မိတာပါ။ စိတ်ကူးတွေးခေါ်စရာ တစ်ခုခု ရရှိမယ်လို့ ယုံကြည်ပါတယ်။ ဒီ Episode လေးနားဆင်ပြီး ကိုယ်ခံစားရတဲ့ အတွေးအမြင်လေးတွေကိုလည်း ဝေမျှဆွေးနွေးနေပါတယ်ခင်ဗျ။
| Website: https://www.thihathetraveller.com || Facebook: https://www.facebook.com/travellerthiha || Instagram: https://www.instagram.com/thihalulin || YouTube: https://www.youtube.com/thihalulin || Email me @ thihalulin@gmail.com |
Aug 19, 2021
11 min

Jul 7, 2021
Jul 7, 2021
11 min
ကျွန်တော်တို့ နိုင်ငံမှာ စိတ်ဝင်စားစရာ လှပတဲ့ နေရာလေးတွေ အများကြီးရှိပါတယ်။ အဲ့ဒီအထဲမှာ အင်းဝမြို့ဟောင်း ဟာလည်း ပါဝင်ပါတယ်။ အင်းဝမြို့ထဲမှာ ဒီနှစ်ပိုင်းတွေ ခရီးသွားတွေကြား ရေပန်းစားလာတဲ့ ရတနာဆီးမီး ဘုရားစု နဲ့ ပတ်သက်သမျှ စုစည်းလို့ ဒီနေ့ ကျွန်တော့်ရဲ့ Podcast ကနေ တင်ပြပေးလိုက်ရပါတယ်။ ခရီးသွားဖို့ ကောင်းတဲ့အချိန် မဟုတ်သေးတော့ သောတအာရုံလေးနဲ့ စိတ်ကူးထဲက ပုံဖော်နိုင်ဖို့ မျှော်လင့်ပါတယ်ခင်ဗျာ။
| Website: https://www.thihathetraveller.com || Facebook: https://www.facebook.com/travellerthiha || Instagram: https://www.instagram.com/thihalulin || YouTube: https://www.youtube.com/thihalulin || Email me @ thihalulin@gmail.com |
Jul 7, 2021
11 min

About Thiha
Hi! I'm Thiha Lu Lin, currently based in Myanmar known as Burma. From my passion for travelling, photography, video and sharing experiences, "Thiha, the Traveller" was born on Facebook since 2016. Actually, I become a blogger since 2012 as I blogged so many poems, short stories, reviews and travel stories through Blogger.com. I currently work remotely as a travel blogger and author. I published my very first book on 17 October 2016, exactly on my B'day. Recently, I contributed with other authors for short stories collections book named "Doo Thi Ya Myout Dat Ta Gan" for Kyaw Soe Publisher and released in March'20. I have been featured in the list of “Top 10 Travel Bloggers” on The Myanmar Times in 2018 and also ranked sixth on The Myanmar Times “Top 10: Bloggers” list in 2019.