The Travelling Lion | Myanmar Podcast

This Podcast is hosted by Myanmar Blogger/Vlogger Thiha Lu Lin also known as Thiha, the Traveller. The name ”Thiha” refers Lion in Burmese. This podcast is about travel experiences, lifestyle and much more. Thiha Lu Lin is a Burmese travel blogger, writer and radio dj.
Episodes
Episodes



Monday Jun 14, 2021
အသက်သည် သွေး - Donate Blood Save A Life
Monday Jun 14, 2021
Monday Jun 14, 2021
ဇွန်လ (၁၄) ရက်နေ့ ကို ကမ္ဘာ့သွေးလှူရှင်များနေ့ လို့ ဆိုပါတယ်။ သွေးလှူဖို့ တွန့်ဆုတ်နေမိတဲ့ ကိုယ့်ကိုကိုယ် ဘာလို့များ တွန့်ဆုတ်နေမိလည်း တွေးမိပြီး ကိုယ့်လို စိတ်ဒွိဟ ဖြစ်နေသူတွေလည်း လှူဖို့ အားတက်အောင်လို့ ဒီနေ့မှာတော့ သွေးလှူခြင်းနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တာတွေ၊ ဆောင်ရန် ရှောင်ရန် တွေကို စုစည်းတင်ပြပေးလိုက်ပါတယ်ဗျာ။
| Website: https://www.thihathetraveller.com || Facebook: https://www.facebook.com/travellerthiha || Instagram: https://www.instagram.com/thihalulin || YouTube: https://www.youtube.com/thihalulin || Email me @ thihalulin@gmail.com |



Tuesday Jun 08, 2021
Pride Month Special: LGBT စုံတွဲလေးတွေသွားသင့်တဲ့ အကောင်းဆုံး ကမ္ဘာ့နေရာ (၁၀) ခု
Tuesday Jun 08, 2021
Tuesday Jun 08, 2021
ဇွန်လ ကို Pride Month ဆိုပြီး သက်တန့်ရောင်လေးတွေ လွှမ်းခြုံတတ်ကြတယ်။ ကျွန်တော့်ရဲ့ ဒီကနေ့ Podcast Show ကနေ LGBT တွေနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတစ်ခုကို တင်ဆက်ချင်ပါတယ်ခင်ဗျာ။
| Website: https://www.thihathetraveller.com || Facebook: https://www.facebook.com/travellerthiha || Instagram: https://www.instagram.com/thihalulin || YouTube: https://www.youtube.com/thihalulin || Email me @ thihalulin@gmail.com |



Friday Jun 04, 2021
Reimagine, Recreate, Restore! - ဘေးမှာ ရှိတုန်း တန်ဖိုးထားပါ
Friday Jun 04, 2021
Friday Jun 04, 2021
ဘေးမှာရှိတုန်း တန်ဖိုးထားပါဆိုတာ ချစ်သူခင်သူတွေကိုပဲ ပြောတာလို့ မယူဆပါနဲ့... သူလည်း ပါဝင်ပါတယ်။
| Website: https://www.thihathetraveller.com || Facebook: https://www.facebook.com/travellerthiha || Instagram: https://www.instagram.com/thihalulin || YouTube: https://www.youtube.com/thihalulin || Email me @ thihalulin@gmail.com |



Thursday Jun 03, 2021
Cycling Makes you feel better! - စက်ဘီး စီး ကြမယ်
Thursday Jun 03, 2021
Thursday Jun 03, 2021
စက်ဘီး စီးတဲ့ အားကစား ဟာ ၉၀ ခုနှစ်ဖွားတွေနဲ့တော့ မစိမ်းလှပေမဲ့ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ဖွားတွေအတွက်တော့ စက်ဘီး စီးတဲ့ အလေ့အထ တဖြေးဖြေး ဝေးကွာလာခဲ့တယ်လို့ ဆိုနိုင်မယ်ထင်ပါတယ်။ ခုနောက်ပိုင်းမှာ တကြော့ပြန် ခေတ်စားလာတဲ့ စက်ဘီးစီးခြင်းဟာ အားကစားလှုပ်ရှားမှုအသွင် ဖြစ်လာပြီး ပိုကြံ့ခိုင်သန်စွမ်းကျန်းမာစေတဲ့ အပြုအမူအနေနဲ့ နေ့စဉ် နေထိုင်မှုဘဝမှာ သဘောတွေ့လာကြပါတယ်။ စက်ဘီးစီးအားကစား ကို စိတ်ဝင်စားသူတွေ၊ စက်ဘီးစီးပြီး ပြည်တွင်း ပြည်ပ ခရီးထွက်လိုသူတွေအတွက် သိသင့်သိထိုက်တာလေးတွေကို ကြိုးစားပြုစုထားသလို၊ နိုင်ငံဖြတ်ကျော် စက်ဘီးစီး အတွေ့အကြုံရှိသူ ကိုညိုမင်းသိန်း နဲ့လည်း စကားပြောဆွေးနွေးထားပါတယ်။ ဒီနေ့ Podcast show လေးကိုလည်း သဘောကျဖို့ မျှော်လင့်ပါတယ်ခင်ဗျ။
| Website: https://www.thihathetraveller.com || Facebook: https://www.facebook.com/travellerthiha || Instagram: https://www.instagram.com/thihalulin || YouTube: https://www.youtube.com/thihalulin || Email me @ thihalulin@gmail.com |



Wednesday Jun 02, 2021
How you feel about Sex Workers? - ရွှေကြာလေးတွေအကြောင်း
Wednesday Jun 02, 2021
Wednesday Jun 02, 2021
ဘဝ မှာ ကြုံဆုံခဲ့ရဖူးတဲ့ ဖာ လို့ ချိုးနှိမ်ခေါ်ဝေါ်ခဲ့ကြတဲ့ လိင်လုပ်သားတွေ ရဲ့ ဘဝ အပိုင်းအစ တချို့ကို တီးခေါက်မိသလောက် ပြောဆိုဖြစ်ပါတယ်။ လိင်လုပ်သားတွေ ရဲ့ ရင့်နင့်စရာ အဖြစ်အပျက်အတွေ၊ ရယ်မောစရာတွေ၊ ရုန်းထွက်အောင်မြင်မှုတွေအကြောင်းကို comment မှာလည်း ဝေမျှနိုင်ပါတယ်ခင်ဗျာ...
| Website: https://www.thihathetraveller.com || Facebook: https://www.facebook.com/travellerthiha || Instagram: https://www.instagram.com/thihalulin || YouTube: https://www.youtube.com/thihalulin || Email me @ thihalulin@gmail.com |



Tuesday Jun 01, 2021
NyaungYan Era Ancient Pagodas in Innwa
Tuesday Jun 01, 2021
Tuesday Jun 01, 2021
"အင်းဝမြို့ဟောင်း မှ ညောင်ရမ်းခေတ်စေတီများ"ဒီနေ့ ကျွန်တော့် ရဲ့ Podcast မှာတော့ အင်းဝမြို့ဟောင်းရောက်ရင် တွေ့မြင်ကြရမယ့် စိတ်ဝင်စားစရာ တည်ဆောက်ပုံရှိကြတဲ့ ညောင်ရမ်းခေတ်စေတီတွေအကြောင်း ကို တင်ဆက်ထားပါတယ်ခင်ဗျာ။ Season 2 ရဲ့ ပထမဆုံးအပိုင်းလေးလည်းဖြစ်လို့ အပြောင်းအလဲတချို့အကြောင်းကိုလည်း ပြောပြထားပါတယ်။ညောင်ရမ်းခေတ် ဟာ ဒုတိယအင်းဝခေတ် လည်း ဖြစ်ပါတယ်။ ညောင်ရမ်းခေတ် လက်ရာ ရှေးဟောင်းစေတီ နဲ့ အဆောက်အအုံတွေကို အင်းဝ မှာ ယနေ့တိုင်မြင်တွေ့နိုင်ဆဲဖြစ်တာဟာလည်း နှစ်သက်စရာပါ။ သမိုင်းကြောင်း သိရင် နေရာတစ်ခုဟာ ပိုပြီးစိတ်ဝင်စားစရာဖြစ်တယ်လို့ ကျွန်တော်ကတော့ ယုံကြည်ပါတယ်။ ဒါကြောင့် အချက်အလက်တွေ လက်လှမ်းမီသလောက် စုစည်းတင်ဆက်လိုက်ပါတယ်ခင်ဗျာ။
| Website: https://www.thihathetraveller.com || Facebook: https://www.facebook.com/travellerthiha || Instagram: https://www.instagram.com/thihalulin || YouTube: https://www.youtube.com/thihalulin || Email me @ thihalulin@gmail.com |
![035 :: [Audio Book] Thu Kha Myay Pon (Part - 10) Finale](https://pbcdn1.podbean.com/imglogo/ep-logo/pbblog8214612/ThuKhaMyaePon_Part-10_-_Square_Cover5zf0g_300x300.jpg)


Monday May 31, 2021
035 :: [Audio Book] Thu Kha Myay Pon (Part - 10) Finale
Monday May 31, 2021
Monday May 31, 2021
မထင်မှတ်ဘဲ အခြေအနေအမျိုးမျိုးကြောင့် စာတစ်အုပ်ဟာ လတွေအများတွေကြာတဲ့အထိ ဖြစ်သွားရတယ်။ ဒီနေ့ ကျွန်တော့်ရဲ့ Podcast Episode (35) မှာတော့ ကျွန်တော် အထူးနှစ်သက်တဲ့ စာအုပ်တစ်အုပ် ဖြစ်တဲ့ စာရေးဆရာ ချမ်းမြေ့ဝင်း ဘာသာပြန် "သုခမြေပုံ" ကို အသံထွက်ဖတ်ပြတာလေး နိဂုံးချုပ်နိုင်ပါပြီ။ ဒါ့အပြင် ကျွန်တော့် Podcast လည်း တစ်နှစ် သက်တမ်းရှိပြီမို့ Season 1 ရဲ့ အပိတ် show ဆိုလည်း မမှားပါဘူး။ ဒီစာအုပ်မှာ အခန်း (၁၀) ခန်း ရှိပြီး နိုင်ငံ (၁၀) နိုင်ငံ မှာ ပျော်ရွှင်ခြင်းရှာပုံတော် ဖွင့်ထားတာပါ။ ဇာစ်မြစ် စာအုပ်ထုတ်ဝေရေး က ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ မှာ ထုတ်ဝေလိုက်တဲ့ စာအုပ်ဖြစ်ပြီး မူရင်းစာအုပ်ကတော့ Eric Weiner ရဲ့ The Geography of Bliss ပဲ ဖြစ်ပါတယ်။ အခုတစ်ခါတော့ အပိုင်း (၁၀) မှာ စာရေးသူ ဟာ သူ့ရဲ့မူလနေထိုင်ရာ အမေရိကားနိုင်ငံ မှာ ပျော်ရွှင်မှု ရှာတဲ့အကြောင်းအရာတွေကို တင်ပြထားသလို နိဂုံးချုပ်အနေနဲ့ ပျော်ရွှင်ခြင်းခရီးစဉ်ပေါ် သုံးသပ်ချက်တွေကိုလည်း စိတ်ဝင်စားစရာ ဖတ်ရှုရပါတယ်။ အမေရိကားနိုင်ငံ အကြောင်းကို ဖတ်ရင်း နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဓလေ့ နဲ့ လည်ပတ်စရာတွေကို အစုံ သိရှိလိုက်ရမှာ ဖြစ်ပါတယ်။ နားဆင်ကြည့်စေချင်ပါတယ်။ Season 1 ကနေလည်း နှုတ်ဆက်လိုက်ပါတယ်။ မနက်ဖြန် Season 2 မှာ ထူးခြားတဲ့ Show တွေနဲ့ ပုံစံပြောင်းထားပါပြီဗျား။
| Website: https://www.thihathetraveller.com || Facebook: https://www.facebook.com/travellerthiha || Instagram: https://www.instagram.com/thihalulin || YouTube: https://www.youtube.com/thihalulin || Email me @ thihalulin@gmail.com |
![034 :: [Audio Book] Thu Kha Myay Pon (Part - 9)](https://pbcdn1.podbean.com/imglogo/ep-logo/pbblog8214612/ThuKhaMyaePon_Part-9_-_Square_Cover6k1vs_300x300.jpg)


Sunday May 30, 2021
034 :: [Audio Book] Thu Kha Myay Pon (Part - 9)
Sunday May 30, 2021
Sunday May 30, 2021
ဒီနေ့ ကျွန်တော့်ရဲ့ Podcast Episode (34) မှာတော့ ကျွန်တော် အထူးနှစ်သက်တဲ့ စာအုပ်တစ်အုပ် ဖြစ်တဲ့ စာရေးဆရာ ချမ်းမြေ့ဝင်း ဘာသာပြန် "သုခမြေပုံ" ကို အသံထွက် ဆက် ဖတ်ပြထားပါတယ်။ စာအုပ်မှာ အခန်း (၁၀) ခန်း ရှိပြီး နိုင်ငံ (၁၀) နိုင်ငံ မှာ ပျော်ရွှင်ခြင်းရှာပုံတော် ဖွင့်ထားတာပါ။ ဇာစ်မြစ် စာအုပ်ထုတ်ဝေရေး က ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ မှာ ထုတ်ဝေလိုက်တဲ့ စာအုပ်ဖြစ်ပြီး မူရင်းစာအုပ်ကတော့ Eric Weiner ရဲ့ The Geography of Bliss ပဲ ဖြစ်ပါတယ်။ အခုတစ်ခါတော့ အပိုင်း (၉) မှာ ပျော်ရွှင်ခြင်းရှာတဲ့ ခရီးသည်ကြီးဟာ သူ ချစ်လည်းချစ်သလို မုန်းလည်းမုန်းတဲ့ တနည်း ချစ်ရင်းနဲ့ မုန်းနေတဲ့ အိန္ဒိယနိုင်ငံ ကို ခရီးထွက်ခဲ့ပါတယ်။ အိန္ဒိယ ရဲ့ ပျော်ရွှင်ခြင်းဟာ ဝိရောဓိတွေကြားမှာ ရှိနေတယ်လို့ သုံးသပ်ထားတယ်။ ပိုက်ဆံရှိတာ နဲ့ ပျော်ရွှင်တာ မဆိုင်ဘူးလို့လည်း အိန္ဒိယ က သင်ကြားပေးပြန်တယ်။ အိန္ဒိယနိုင်ငံ အကြောင်းကို ဖတ်ရင်း နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဓလေ့ နဲ့ လည်ပတ်စရာတွေကို အစုံ သိရှိလိုက်ရမှာ ဖြစ်ပါတယ်။ နားဆင်ကြည့်စေချင်ပါတယ်။
| Website: https://www.thihathetraveller.com || Facebook: https://www.facebook.com/travellerthiha || Instagram: https://www.instagram.com/thihalulin || YouTube: https://www.youtube.com/thihalulin || Email me @ thihalulin@gmail.com |

About Thiha
Hi! I'm Thiha Lu Lin, currently based in Myanmar known as Burma. From my passion for travelling, photography, video and sharing experiences, "Thiha, the Traveller" was born on Facebook since 2016. Actually, I become a blogger since 2012 as I blogged so many poems, short stories, reviews and travel stories through Blogger.com. I currently work remotely as a travel blogger and author. I published my very first book on 17 October 2016, exactly on my B'day. Recently, I contributed with other authors for short stories collections book named "Doo Thi Ya Myout Dat Ta Gan" for Kyaw Soe Publisher and released in March'20. I have been featured in the list of “Top 10 Travel Bloggers” on The Myanmar Times in 2018 and also ranked sixth on The Myanmar Times “Top 10: Bloggers” list in 2019.