The Travelling Lion | Myanmar Podcast

This Podcast is hosted by Myanmar Blogger/Vlogger Thiha Lu Lin also known as Thiha, the Traveller. The name ”Thiha” refers Lion in Burmese. This podcast is about travel experiences, lifestyle and much more. Thiha Lu Lin is a Burmese travel blogger, writer and radio dj.
This Podcast is hosted by Myanmar Blogger/Vlogger Thiha Lu Lin also known as Thiha, the Traveller. The name ”Thiha” refers Lion in Burmese. This podcast is about travel experiences, lifestyle and much more. Thiha Lu Lin is a Burmese travel blogger, writer and radio dj.
Episodes
Episodes
![023 :: [Travel] How to explore in Aung Ban, Shan State](https://pbcdn1.podbean.com/imglogo/ep-logo/pbblog8214612/023_Cover73e3p_300x300.jpg)


Friday Oct 23, 2020
023 :: [Travel] How to explore in Aung Ban, Shan State
Friday Oct 23, 2020
Friday Oct 23, 2020
ဒီနေ့ ကျွန်တော့် Podcast Episode (23) မှာတော့ ရှမ်းပြည်နယ်တောင်ပိုင်းက ခရီးသွားတွေ ကျော်ကျော်သွားတတ်တဲ့ အောင်ပန်းမြို့ကို ခရီးရောက်ခဲ့တုန်း ကြုံခဲ့ရသမျှလေးတွေ ဝေမျှပေးချင်ပါတယ်ခင်ဗျာ။
ဒီအစီအစဉ်မှာ -
အောင်ပန်းမြို့ ဖြစ်တည်လာပုံဘာနဲ့ ဘယ်လိုသွားမလဲဘယ်တွေ လည်ပတ်မလဲဘယ်မှာ တည်းခိုမလဲဘယ်မှာ စားသောက်မလဲ
စတာတွေကို ပြောပြပေးထားပါတယ်ခင်ဗျာ။အမြဲ အားပေးနားဆင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။
| Website: https://www.thihathetraveller.com || Facebook: https://www.facebook.com/travellerthiha || Instagram: https://www.instagram.com/thihalulin || YouTube: https://www.youtube.com/thihalulin || Email me @ thihalulin@gmail.com |
![022 :: [Lifestyle] A Little More About Karen Traditional Weaving with Guest Piti](https://pbcdn1.podbean.com/imglogo/ep-logo/pbblog8214612/022_Cover_8eftg_300x300.jpg)


Monday Jul 13, 2020
Monday Jul 13, 2020
သောတရှင်များအားလုံး မင်္ဂလာပါ...ဒီတစ်ခါ ကျွန်တော့်ရဲ့ Podcast Episode (22) မှာတော့ "စိတ်ဝင်စားဘွယ်ရာ ကရင်ရိုးရာဂျပ်ခုတ်ပညာ" ဆိုတဲ့ စကားဝိုင်းလေး တင်ဆက်ထားပါတယ်။
ကရင်ပြည်နယ်ကို အလည်သွားရင် ကရင်ရိုးရာဝတ်စုံတွေ ဝယ်ယူဆင်မြန်းကြပေမဲ့ ကရင်ရိုးရာစစ်စစ်တွေ ရက်လုပ်တာနဲ့ ပတ်သက်လို့ လေ့လာသိရှိလိုသူနည်းပါလိမ့်မယ်။ တကယ်တော့ ကရင်ရိုးရာဝတ်စုံတွေဟာ အတော်လေး စိတ်ဝင်စားဖို့ ကောင်းတဲ့ ရက်လုပ်ပုံတွေ ရှိပါတယ်။ ကိုပီတ ဟာ ကရင်ပြည်နယ်မှာ ချစ်ခင်စွာ နေထိုင်နေရင်း ဈေးကွက်အောင်မြင်မှုနည်းလို့ တစထက်တစ တိမ်မြုပ်ပျောက်ကွယ်လုဖြစ်လာတဲ့ ဂျပ်ခုတ်စစ်စစ်တွေကို ပြန်လည်ဖော်ထုတ်ရင်း ဈေးကွက်မှာပါ အောင်မြင်နိုင်အောင် ကြိုးစားနေသူတစ်ဦးဖြစ်ပါတယ်။ ခက်ခဲတဲ့ အခြေအနေတွေကြားမှာ ရအောင်ကြိုးစားနေရင်း ချည်ထည်ကို ဆိုးတဲ့ ဆေးကအစ သဘာဝက ရတဲ့ အရောင်တွေကို အသုံးပြုဖန်တီးနိုင်ဖို့ တီထွင်ကြံဆသူလည်း ဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့ ဆိုင်မှာဆိုရင် ကရင်ရိုးရာအထည်တွေဟာ အခြားဆိုင်များနဲ့ယှဉ်ရင် ဈေးများနေတယ်ထင်ရပေမဲ့ ရောင်းချစရာနဲ့ ပြစရာ ပစ္စည်းမရှိတဲ့အထိ အရောင်းတွင်ကျယ်နေတတ်ပါတယ်။.ဒီနေ့ သူနဲ့ပြောဖြစ်တဲ့ စကားဝိုင်းလေးကနေ
ကရင်ဂျပ်ခုတ်ရိုးရာ ရဲ့ လားရာအခြေအနေ
လက်တွေ့ရင်ဆိုင်နေကြရတဲ့ အခက်အခဲများ
ကရင်ရွာတွေမှာ ဂျပ်ခုတ်သူတွေရဲ့ ထူးခြားတဲ့ အယူအဆများ
စတဲ့ စတဲ့ စိတ်ဝင်စားစရာတွေကို နားဆင်ကြရမှာ ဖြစ်ပါတယ်ခင်ဗျာ။
| Website: https://www.thihathetraveller.com || Facebook: https://www.facebook.com/travellerthiha || Instagram: https://www.instagram.com/thihalulin || YouTube: https://www.youtube.com/thihalulin || Email me @ thihalulin@gmail.com |
![021 :: [Lifestyle] What to Know about Essential Oils with Guest Lwin Mar Aung (Flawless Myanmar)](https://pbcdn1.podbean.com/imglogo/ep-logo/pbblog8214612/021_Cover_8g8jy_300x300.jpg)


Sunday Jul 05, 2020
Sunday Jul 05, 2020
မင်္ဂလာပါ...ဒီနေ့ ကျွန်တော့်ရဲ့ Podcast လေး Episode (21) မှာတော့ "ခရီးသွားရင် လိုအပ်သလို အသုံးချနိုင်မဲ့ Essential Oils ဆိုတာ ဘာလဲ" ဆိုတဲ့ စကားဝိုင်းလေး တင်ဆက်ထားပါတယ်။
ကျွန်တော်တို့ ဘယ်ပညာမှ သုံးစားမရတာ မရှိပါဘူး။ သိထားရင် အသုံးဝင်တာချည်းပါပဲ။ အခုလည်း ကျွန်တော် ခရီးသွားရင်း ရောက်တဲ့ဒေသတွေက အလေ့ကျဖြစ်ဖြစ် စိုက်ပျိုးပြီးဖြစ်ဖြစ် ပေါက်ရောက်တဲ့ အပင်၊ အသီး၊ အပွင့်တွေကနေ အသားအရေနဲ့ တစ်ကိုယ်ရည်ကျန်းမာရေးအတွက် လိုအပ်တဲ့ Essential Oil ကို ထုတ်ယူလို့ရပြီး လိုအပ်သလို အလှအပအတွက်ဖြစ်စေ၊ ကျန်းမာရေးအတွက်ဖြစ်စေ အသုံးချနိုင်တယ်ဆိုတာ သိလိုက်ရတယ်။တလောက ကိုဗစ်ကပ်ကြီးကြောင့် ကျွန်တော်တို့ စိုက်ပျိုးတဲ့တောင်သူတွေ ရောင်းချမရဘူး၊ ပစ်လိုက်ရတယ်၊ အလကားဝေလိုက်ရတယ် စသဖြင့် အမျိုးမျိုးအခက်ကြုံကြရတယ်။ တကယ်တော့ တချို့သီးနှံတွေနဲ့ ပန်းတွေဟာ ကျွန်တော်တို့မှာ နည်းပညာ ပေးမဲ့သူ သေချာမရှိလို့ ဆုံးရှုံးလိုက်ကြရတာတွေပါ။ သမာရိုးကျ စိုက်ပြီး အစာအဖြစ်ပဲ ရောင်းချနေတဲ့အပြင်ကိုမှ တဆင့်တက်လှမ်းလို့ အစာအဖြစ် မရောင်းချနိုင်ရင် နောက်တစ်မျိုး ဘယ်လို ဖန်တီးကြမလဲ ဆိုတာ စဉ်းစားရတော့မဲ့ အချိန်လို့ ဆိုနိုင်ပါတယ်။ ကျွန်တော်တို့ နေ့စဉ် မြင်တွေ့နေရတဲ့ အပင် အရွက် အသီး အပွင့် အမျိုးမျိုးကနေ Essential Oil ဆိုတဲ့ အသားအရေအတွက် ခန္ဓာကိုယ်အတွက် လိုအပ်မဲ့ မရှိမဖြစ်အရေးပါတဲ့ သဘာဝအဆီအမျိုးမျိုးကို အလွယ်တကူ ထုတ်ယူနိုင်ပါတယ်။ ဘာကြောင့်အရေးကြီးသလဲ၊ ဘယ်လို အသုံးချရမလဲ ဆိုတာတွေကိုတော့ ဒီဗီဒီယိုလေးထဲမှာ ကြည့်နိုင်ပါတယ်။ Flawless Myanmar ရဲ့ Founder ဖြစ်တဲ့ မလွင်မာအောင် နဲ့ ခရီးသွားရင်းပြောဆိုထားသမျှကို တင်ဆက်ထားပါတယ်ခင်ဗျာ။ ဒါလေးကြည့်ပြီး ကိုယ်ပိုင်စီးပွားရေးတစ်ခု စဖို့ စိတ်ကူးတစ်ခုလည်း ရသွားနိုင်ပါတယ်။
| Website: https://www.thihathetraveller.com || Facebook: https://www.facebook.com/travellerthiha || Instagram: https://www.instagram.com/thihalulin || YouTube: https://www.youtube.com/thihalulin || Email me @ thihalulin@gmail.com |
![020 :: [Lifestyle] Tips for Keeping Good Oral Hygiene While Travelling with Guest Dr. Hsu Yee Aung Soe](https://pbcdn1.podbean.com/imglogo/ep-logo/pbblog8214612/020_Cover_b3rwi_300x300.jpg)


Monday Jun 22, 2020
Monday Jun 22, 2020
မင်္ဂလာပါဗျ...ဒီနေ့ ကျွန်တော့်ရဲ့ Podcast လေး Episode (20) မှာတော့ "ခရီးသွားခြင်းနဲ့ သွားကျန်းမာရေး" စကားဝိုင်းလေး တင်ဆက်ထားပါတယ်။
ကျွန်တော့်ရဲ့ သွားနဲ့ခံတွင်း စစ်ဆေးတာကို ရန်ကုန်၊ ပုလဲကွန်ဒို က DSC Dental Specialist Clinic မှာ လုပ်ဖြစ်ရင်းကနေ သဘောကျလို့ အဲ့ဒီက ဒေါက်တာ ဆုရည်အောင်စိုး နဲ့ စကားပြောဖြစ်ခဲ့တာပါ။ ဒီ Podcast မှာ ဘာတွေ ပြောဖြစ်သလဲဆိုရင် -
ဘာကြောင့် ကျွန်တော်တို့တွေ သွားကျန်းမာရေးစစ်ဆေးတာ လုပ်သင့်သလဲ?
ခရီးသွားရင် ဟိုတယ်၊ တည်းခိုခန်းနဲ့ အဝေးပြေးကားတွေက ပေးတဲ့ သွားတိုက်ဆေးနဲ့ သွားပွတ်တံတွေက သုံးစွဲဖို့ သင့်ရဲ့လား?
ခံတွင်းနံ့ပျောက်ဆေး နဲ့ ပီကေ တွေ သုံးတာရော တကယ်အကျိုးဖြစ်ရဲ့လား?
မနက်စာ မစားခင် သွားတိုက်ရမှာလား၊ စားပြီးမှ တိုက်သင့်တာလား?
ခရီးသွားနေသူတွေအတွက် သွားနဲ့ခံတွင်း ဘယ်လိုထိန်းသိမ်းရမလဲ?
ဆိုတာတွေ ကို စကားပြောဆိုထားပါတယ်။
ခရီးသွားဝါသနာပါသူတိုင်း သိထားသင့်တဲ့ အချက်တွေချည်းပဲမို့ သေချာလေး နားထောင်ဖြစ်မယ် ယုံကြည်ပါတယ်ခင်ဗျာ။
| Website: https://www.thihathetraveller.com || Facebook: https://www.facebook.com/travellerthiha || Instagram: https://www.instagram.com/thihalulin || YouTube: https://www.youtube.com/thihalulin || Email me @ thihalulin@gmail.com |
![019 :: [Travel] Save Bagan From Treasure Stolen with Guest U Than Htay](https://pbcdn1.podbean.com/imglogo/ep-logo/pbblog8214612/019_Cover_aqk5m_300x300.jpg)


Thursday Jun 11, 2020
019 :: [Travel] Save Bagan From Treasure Stolen with Guest U Than Htay
Thursday Jun 11, 2020
Thursday Jun 11, 2020
မင်္ဂလာပါဗျ...ဒီနေ့ ကျွန်တော့်ရဲ့ Podcast လေးမှာတော့ ပုဂံ မှာ ခုလတ်တလော ဖြစ်ပျက်သွားတဲ့ စေတီတွေရဲ့ ကွမ်းတောင် တွေကို ဖောက်ပြီး ဌာပနာတွေ ခိုးယူခံရတာရယ်၊ လောကထိပ်ပန်ဘုရား ရှေ့က အကာအရံ ကန့်လန်ကာကို မီးရှို့ခံရတာတွေနဲ့ ပတ်သက်ပြီး ပုဂံညောင်ဦး ဧည့်လမ်းညွှန်များအသင်း ရဲ့ ဥက္ကဌ ဦးသန်းဌေး နဲ့ စကားပြောဖြစ်သမျှကို တင်ဆက်လိုက်ပါတယ်ခင်ဗျာ။ဦးသန်းဌေး နဲ့ စကားပြောကြည့်ရင်း -
ဘာကြောင့် ဒီလို ဖောက်ထွင်းမှုဖြစ်သလဲ
ဘာကြောင့် မီးလောင်မှု တပြိုက်နက်တည်း ဖြစ်လာသလဲ၊ ဆက်စပ်မှုရှိနေမလား
အရေးယူမှုတွေ တကယ်လုပ်ဆောင်နေရဲ့လား
ပုဂံဘုရားတွေကို ထိန်းသိမ်းဖို့ ဘယ်သူတွေက လုပ်ဆောင်နေကြသလဲ
ပုဂံ ဧည့်လမ်းညွှန်တွေ နိုင်ငံခြားသားဧည့်သည် မလာရင် ဘယ်လိုရပ်တည်နေထိုင်ကြမလဲ
ပြည်တွင်းခရီးသွားဧည့်သည်တွေ၊ ဘုရားဖူးလုပ်ငန်းတွေရဲ့ စည်းကမ်းမဲ့မှုတွေကို ဘယ်လိုထိန်းသိမ်းမလဲ
ပုဂံဧည့်လမ်းညွှန် အခမဲ့သင်တန်း
စတဲ့ စတဲ့ ကိစ္စရပ်တွေနဲ့ ပုဂံကိုချစ်သူတိုင်း သိထားသင့်တဲ့ စကားတွေ အများကြီး ပြောဖြစ်ထားပါတယ်ခင်ဗျာ| Website: https://www.thihathetraveller.com || Facebook: https://www.facebook.com/travellerthiha || Instagram: https://www.instagram.com/thihalulin || YouTube: https://www.youtube.com/thihalulin || Email me @ thihalulin@gmail.com |
![018 :: [Lifestyle] Life of Veganism with Guest Kyaw Zin Min](https://pbcdn1.podbean.com/imglogo/ep-logo/pbblog8214612/018_Cover_903u6_300x300.jpg)


Monday Jun 08, 2020
018 :: [Lifestyle] Life of Veganism with Guest Kyaw Zin Min
Monday Jun 08, 2020
Monday Jun 08, 2020
ဟဲလို... ကျွန်တော့် Podcast ရဲ့ ဒီနေ့ Episode မှာတော့ Vegan နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ တင်ဆက်ထားပါတယ်ဗျ... အကြောင်းအမျိုးမျိုးနဲ့ သားသတ်လွတ် (သက်သတ်လွတ်) စားတဲ့သူတွေ ကမ္ဘာမှာ အများကြီးရှိပါတယ်။ ဒါပေမဲ့ သက်သတ်လွတ်စားတဲ့သူတွေမှာလည်း ပုံစံကွဲတွေ အများကြီးရှိကြောင်း သိသူ နည်းပါလိမ့်မယ်။ ယေဘုယျအားဖြင့် -
(၁) Lacto-Ovo Vegetarians (အသားရှောင်၊ နို့နဲ့နို့ထွက်ပစ္စည်း၊ ဥအမျိုးမျိုး စားသုံးသူများ)(၂) Lacto Vegetarians (အသား နဲ့ ဥအမျိုးမျိုးရှောင်၊ နို့နဲ့နို့ထွက်ပစ္စည်း စားသုံးသူများ)(၃) Ovo Vegetarians (အသား၊နို့ ရှောင်ပြီး ဥအမျိုးမျိုးသာစားသုံးသူများ)(၄) Vegans (သတ္တဝါမှ ထွက်သမျှ အကုန်ရှောင်ကြဉ်ကြသူများ)ဆိုပြီး ကွဲပြားပါသေးတယ်။ Vegan မှာကိုပဲ Type က ၂ မျိုးလောက်ရှိပါသေးတယ်။
သက်သတ်လွတ် စားခြင်းကို ကမ္ဘာမှာ ခရစ်တော်မပေါ်မီ BC 700 လောက်ကတည်းက စတင်ခဲ့ပြီလို့ ပြောဆိုကြပြီး Vegan ကိုတော့ ခုဒီဘက်ခေတ်ကြမှ ရှေ့က သက်သတ်လွတ်စားတဲ့ ပုံစံတွေကနေ ကွဲထွက်လုပ်ဆောင်လာကြတယ်လို့ ပြောလို့ရနိုင်ပါတယ်။
ဘာကြောင့် Veganism တွေ ဖြစ်လာကြသလဲ?
Veganism တစ်ယောက် ဖြစ်လာရင် ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရနိုင်လဲ?
ရင်ဆိုင်ရတဲ့အခက်အခဲတွေကို ဘယ်လိုပုံစံဖြေရှင်းလဲ?
Veganism ဆိုတာ ဝိတ်ကျစေတဲ့ ဝိတ်ချနည်းတစ်ခုလား?
ဘာတွေ ကောင်းကျိုးပေးနိုင်လဲ?
Vegan ဖြစ်ဖို့ လွယ်သလား?
စတဲ့ စတဲ့ Veganism တစ်ယောက်နဲ့ ပတ်သက်ပြီး သိသင့်တာတွေကို အခုဆိုရင် ၃ နှစ်တာ Veganism အဖြစ် ပြောင်းလဲ နေထိုင်နေတဲ့ အဆိုတော် ကျော်ဇင်မင်း နဲ့ စကားပြောဖြစ်သမျှကို တင်ဆက်လိုက်ရပါတယ်ခင်ဗျာ
| Website: https://www.thihathetraveller.com || Facebook: https://www.facebook.com/travellerthiha || Instagram: https://www.instagram.com/thihalulin || YouTube: https://www.youtube.com/thihalulin || Email me @ thihalulin@gmail.com |
![017 :: [Travel] Myanmar Tourism After Covid-19 Talkshow](https://pbcdn1.podbean.com/imglogo/ep-logo/pbblog8214612/017_Cover_98cg0_300x300.jpg)


Friday Jun 05, 2020
017 :: [Travel] Myanmar Tourism After Covid-19 Talkshow
Friday Jun 05, 2020
Friday Jun 05, 2020
ဒီနေ့အတွက် ကျွန်တော့်ရဲ့ Podcast Episode (17) မှာတော့ ကိုဗစ်ကာလအလွန် မြန်မာ့ခရီးသွားစကားဝိုင်းလေးကို တင်ဆက်ထားပါတယ်။ ကျွန်တော်တို့ ခရီးသွားလုပ်ငန်းတွေမှာ ဘာတွေကြုံလာနိုင်သလဲ၊ ဘာတွေပြင်ဆင်ကြမလဲ...New Normal နဲ့ ခရီးသွားလုပ်ငန်းကို ဘယ်လိုပုံဖော်ကြမလဲဆိုတာကို တင်ဆက်ထားပါတယ်။ ဒီစကားဝိုင်းမှာ ဗိသုကာနဲ့ ဟိုတယ်အကြံပေး ကိုဇော်လင်းမြတ် နဲ့ စားသောက်ဆိုင်လုပ်ငန်းရှင် ကိုကောင်းမင်းခန့် တို့နဲ့ စကားပြောထားပါတယ်ခင်ဗျာ။ဒီစကားဝိုင်းကနေ ခရီးသွားလုပ်ငန်း ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ဆက်စပ်လုပ်ဆောင်နေကြရတဲ့ နိုင်ငံသားတိုင်း အကျိုးရှိဖို့ မျှော်လင့်ပါတယ်။
| Website: https://www.thihathetraveller.com || Facebook: https://www.facebook.com/travellerthiha || Instagram: https://www.instagram.com/thihalulin || YouTube: https://www.youtube.com/thihalulin || Email me @ thihalulin@gmail.com |
![016 :: [Lifestyle] 5 Ways to Turn Your Crush Into Your Bae](https://pbcdn1.podbean.com/imglogo/ep-logo/pbblog8214612/016Cover_300x300.jpg)


Thursday May 28, 2020
016 :: [Lifestyle] 5 Ways to Turn Your Crush Into Your Bae
Thursday May 28, 2020
Thursday May 28, 2020
ကျွန်တော့်ရဲ့ Podcast လေး ဒီတစ်ခုဆို Episode (16) ရောက်လာပါပြီ... ဆက်ပြီး နားဆင်ပေးလို့ ကျေးဇူးအထူးပါ။ဒီ Episode မှာတော့ အချစ်အကြောင်းလေးတွေ ပြောထားတယ်။"5 Ways to Turn Your Crush into Your Bae" ဆိုပြီး ကိုယ်လိုက်နေတဲ့ တစ်ယောက် ကိုယ့်ချစ်သူ ဖြစ်လာဖို့ ဘာတွေ အဓိက အရေးတကြီး သိထားရမလဲ ဆိုတဲ့ အချက် (၅) ချက်ကို ပြောထားပါတယ်။ပေါ့ပေါ့ပါးပါး အေးအေးဆေးဆေး နားဆင်နိုင်ပါတယ်ဗျား။
| Website: https://www.thihathetraveller.com || Facebook: https://www.facebook.com/travellerthiha || Instagram: https://www.instagram.com/thihalulin || YouTube: https://www.youtube.com/thihalulin || Email me @ thihalulin@gmail.com |

About Thiha
Hi! I'm Thiha Lu Lin, currently based in Myanmar known as Burma. From my passion for travelling, photography, video and sharing experiences, "Thiha, the Traveller" was born on Facebook since 2016. Actually, I become a blogger since 2012 as I blogged so many poems, short stories, reviews and travel stories through Blogger.com. I currently work remotely as a travel blogger and author. I published my very first book on 17 October 2016, exactly on my B'day. Recently, I contributed with other authors for short stories collections book named "Doo Thi Ya Myout Dat Ta Gan" for Kyaw Soe Publisher and released in March'20. I have been featured in the list of “Top 10 Travel Bloggers” on The Myanmar Times in 2018 and also ranked sixth on The Myanmar Times “Top 10: Bloggers” list in 2019.


